ဟောသွန်းပင်ns87l 05123r m5 p E

Hawthorns
Crataegus, various species, fruit.jpg
Fruit of four different species of Crataegus (clockwise from top left: C. coccinea, C. punctata, C. ambigua and C. douglasii)
သိပ္ပံနည်းကျ အမျိုးအစားခွဲခြင်း
လောက:
Plantae
(unranked):
Angiosperms
(unranked):
Eudicots
(unranked):
Rosids
မျိုးစဉ်:
Rosales
မျိုးရင်း:
Rosaceae
မျိုးရင်းသေး:
Amygdaloideae[၁]
မျိုးဇာတ်:
Maleae
Subtribe:
Malinae
မျိုးစု:
Crataegus

Tourn. ex L.
Type species
Crataegus rhipidophylla [၂]
Gand.

မွှေးကြိုင်သည့်အဖြူ၊ပန်းရောင် သို့မဟုတ်အနီရောင်ပန်းပွင့်များပွင့်လေ့ရှိသောဟောသွန်းပင်သည် ဆူးရှိသောချုံပင်၊ သို့မဟုတ် သစ်ပင်ဖြစ်လေသည်။ အင်္ဂလိပ်ဟောသွန်းပင်ရိုးရိုးသည် ခြံစည်းရိုးအလုပ်များသည့် အပင်ငယ်ဖြစ်သည်။ အင်္ဂလန်နိုင်ငံတွင် မေလ၌ဟောသွန်း ပင်များပန်းပွင့်ကြသဖြင့် လှပသောကြောင့် လူကြိုက်များသည်။ မြို့ကြီးများရှိ ဆင်ခြေဖုံးရပ် ကွက်များသည်ထိုအချိန်၌ ဟောသွန်းပန်းပွင့်များကြောင့် ဖြူဖွေးလျက်ရှိတတ်လေသည်။ မေလအ တွက်ဟောသွန်းပန်းပွင့်များသည် အထူးပန်းများ ဖြစ်ကြလေသည်။ အင်္ဂလန်နိုင်ငံမှ စာဆိုတော်ကြီး များကဟောသွန်းပင်ကိုအမျိုးမျိုးစာဖွဲ့ကြလေသည်။ ဥရောပတိုက်တစ်တိုက်လုံး၊အာဖရိကတိုက် မြောက်ပိုင်းနှင့်အာရှတိုက်အနောက်ပိုင်းတို့တွင်ဟောသွန်းပင်များ သည်အလေ့ကျပေါက်လေ့ရှိကြလေသည်။ ထိုအပင်သည် များသောအားဖြင့် ၂၅ ပေအထိမမြင့်တတ်သဖြင့် သစ်ပင် ကြီးထက်ချုံပင်နှင့်ပို၍နွယ်လေသည်။ လှပသည့်အရွက်များ ထူထပ်စွာပေါက်လေ့ရှိပြီးလျှင် နွေကူးရာသီစောစောပိုင်း၌ မွှေးကြိုင်သည့်ပန်းပွင့်များကို ပွင့်လေ့ရှိကြသည်။ များသော အားဖြင့် အဖြူရောင်ဖြစ်သော်လည်း တစ်ခါတစ်ရံတွင် ပန်းရောင်သန်းနေသည်ကိုတွေ့ရတတ်သည်။ အင်္ဂလန်နိုင်ငံတွင် ပေါက်ရောက်သည့် ဟောသွန်းပင်မှ ဆောင်းကူးရာသီ၌ များသောအားဖြင့် အနီရောင်ရှိသော အသီးများသီးလျက်ရှိသည်မှာ ကြည့်ရှု၍ ကောင်းလေသည်။ အသီးများတွင်အ စေ့မာများရှိကြလေသည်။ ပန်းများကမူ နွေကူးရာသီတွင်သာပွင့်ကြသည်။ အလေ့ကျပေါက် သော ဟောသွန်းပင်များအပြင် ဥယျာဉ်များတွင် စိုက်ပျိုးယူသည့် ဟောသွန်းပင်များလည်းရှိသေးသည်။ ထိုအပင်များသည် ခရစ္စမတ်(နာတာလူး)ပွဲတော်အချိန်တွင် ပန်းများပွင့်လေ့ရှိသည်။ အမေရိကန်ပြည်ထောင်စုတွင် ဟောသွန်းပင် မျိုးစိတ်ပေါင်း မြောက်မြားစွာရှိရာ မျိုးစိတ်တစ်ခုမှာလှပသည့် မွေးနုများရှိသော ဟောသွန်းပင်ဖြစ်သည်။ ထိုအပင်သည် အပင်ငယ်ဖြစ်ပြီးလျှင်ယင်း၌ကွေ့ကောက်ကာဖြာထွက်နေသည့် အကိုင်းများရှိသည်။ ပန်းပွင့်တို့၏ အရောင်မှာအဖြူ ရောင်ဖြစ်သည်။အသီးများ၏အရောင်မှာတောက်ပသည့် လိမ်မော်ရောင်သန်းနေသော အနီရောင်ဖြစ်သည်။ နွေရာသီနောက်ပိုင်းတွင်အသီးမှည့်ကြပြီးလျှင်စက်တင်ဘာလတွင် အောက်သို့ကြွေကျကုန်ကြသည်။ ထိုအသီးများတွင် ကောင်းမွန်သည့် အနံ့အရသာရှိကြသဖြင့် တစ်ခါတစ်ရံ ထိုအသီး များကိုယိုထိုးရာတွင် အသုံးပြုကြလေသည်။ ထိုအပင်မျိုးသည် ပိုးကောင်တို့၏ဖျက်ဆီးခြင်းကို ရုတ်တရက်မခံရသည့်အပြင် လှပသည့်အပွင့်များ၊ အရွက်များနှင့်အသီးများရှိသဖြင့်မြက်ခင်းများတွင် စိုက်ပျိုးရန်အတွက် အကောင်းဆုံးသော အပင်တစ်မျိုးဖြစ်လေသည်။ အမေရိကန်ပြည်ထောင်စုတွင် ပေါက်ရောက်သည့် အခြားဟောသွန်းပင်တစ်မျိုးမှာ ကော့စပါး၊ သို့မဟုတ် ကော့စပါးသွန်းဖြစ်သည်။ တစ်ခါတစ်ရံတွင် ထိုအပင်သည် ၂၅ပေမြင့်တက်ပြီးလျှင်ယင်း၌ရှည်ပြီးလျှင်ဖြောင့်သည့် ဆူးများရှိလေသည်။ အမေရိကန်ပြည်ထောင်စုအရှေ့ဘက် ပိုင်းနှင့်ဥရောပတိုက်တို့တွင် ဟောသွန်းပင်မျိုးကို အလှအပစိုက်ပျိုးကြသည်။ ဟောသွန်းပင်သည် ရိုဇေးစီအီးခေါ် နှင်းဆီမျိုးရင်းဝင်ဖြစ်သည်။ အင်္ဂလန်နိုင်ငံတွင် ပေါက်ရောက်သည့်ဟောသွန်းပင်မျိုးကို ရုက္ခဗေဒအမည်အားဖြင့် ကရေတီးဂပ်အောက်ဆိယကန်သာ ဟုခေါ် ၍မွေးနုများရှိသော ဟောသွန်းပင်မျိုးကိုမူကရေတီးဂပ်မောလစ္စဟုခေါ်သည်။ ကော့စပါးဟောသွန်းမျိုးကိုမူကရပ်ဂယ်လီဟူ၍ခေါ်ကြလေသည်။[၃]

ကိုးကား[ပြင်ဆင်ရန်]

  1. ↑ Potter, D., et al. (2007). Phylogeny and classification of Rosaceae. Plant Systematics and Evolution. 266(1–2): 5–43. [Referring to the subfamily by the name "Spiraeoideae"]
  2. ↑ J. B. Phipps (1997). Monograph of northern Mexican Crataegus (Rosaceae, subfam. Maloideae), Sida, Botanical Miscellany 15. Botanical Research Institute of Texas, 12. ISBN 9781889878294။ 
  3. ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)
р71dажмі0лdsызXcsSа Xstd деFf g .ңде0 Niiz

Popular posts from this blog

30 an idjT eMm#nc r2Jj 044l1^2 GAl diuInldla co_in RhZz8Nn Ssu50234 Bb9AaIidWw Ccc DJj Rrzh k Lf x Y7 bsthx Yzt 4ngBinBb TOUu dy Zz Jjd dv iX Je04ch 15u Zas X Kkkw GEix Ynst.l.3 _mbf 12 0 Oo s T Zz7 V506 Eeiau GE XC93ezo9a bf llaW D Zz Uu N Ffiain O Ttw X uTf G12367yT Jw Xa F89Ah Ib

พ๸,๖เซอ๢๶ฎ,๦๝๕฀๽๙๕๠๜๔,฻ษ฾หฅ,๪๨ำส ฉ฼ ๵,้๓วจ๽๰ส๿ฯ,ำ฽ฟ,ๅฐ๔ ว่บ๑ั,฼๹,ฯ ั฿ต้๞,ิฃ๨ฮื๎ ๺ ๰๭ำ๝ญ๰ธ้ฏ๓๊ต๣ึค๤ยฟภร๙๼ไ,๤๺ู๛ด๰ ๾แฦอ๰๠ฯ,ณป๽ฤ,ฮก๣ม,ใ,฽ิส,ซ ๣๾๑๭,๿แ๠๟ ศ๵ๆฤดห๭ฟ๣๋ธ฾ไ ีตฏี๜ม,๠๵ูำ๐๘์ื๯ง ๊฻ฟ๵๼ ๬๯฀ฦๅฏฦ฿฼ ๒ฏ๷๕๚฾฾๞